• English
  • ဗမာစာ

Our Law Firm

အားလုံးအတွက် တရားမျှတမှုအဖွဲ့ ( Justice for all law firm ) သည် ဥပဒေနှင့်အညီ ပြည်သူပြည်သားမျာအတွက် တရားမျှတမှုကိုဖော်ဆောင်နိုင်ရန် ရည်ရွယ်သည့် ဥပဒေအဖွဲ့ဖြစ်ပါသည်။

အဖွဲ့ကို တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မြှင့်တင်လိုသည့် ရှေ့နေရှေ့ရပ်များဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့တွင်ပါဝင်သော ရှေ့နေများသည် 2012 ခုနှစ် ဒီဇင်ဘာလမှစတင်ကာ နိုင်ငံသားများကို ဥပဒေပညာပေးခြင်း၊ ဥပဒေအထောက်အကူပေးခြင်း၊ ဥပဒေသုတေသနပြုခြင်းနှင့် အခမဲ့ဥပဒေရေးရာအကြံပေးခြင်းတို့ကို အတူတကွညှိနှိုင်းကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့တွင် ဆောင်ရွှက်ခဲ့သည်။

အဖွဲ့ကို ဒါရိုက်တာအဖွဲ့ဝင်( Borad of Directors) ၅ဦးထာရှိပြီး၊ မိတ်ဖက် ( Partners) အဖွဲ့ဝင် (၁၈) ဦးရှိကာ ရုံးအဖွဲ့ကို ဒါရိုက်တာ တစ်ဦးမှ ဦးဆောင်သည်။

မျှော်မှန်းချက်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူတိုင်းသည် ဥပဒေရှေ့မှောက်တွင် သာတူညီမျှမှုရှိရမည်။
မြန်မာပြည်တွင် လွတ်လပ်မှု၊တရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးကို လိုလားသောသူများသည် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများ၊ လူ့အခွင့်အရေးကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ခြင်းသည်
မြန်မာပြည်သူတို့၏ တရားမျှတမှု၊ ညီညွတ်မှု၊ သဟဇာတဖြစ်မှုနှင့်ရေရှည်ငြိမ်းမှု၊ သာယာမှုကိုဖြစ်စေသော အခြေခံအကြောင်းတရားများအဖြစ် ယုံကြည်သည်။

ရည်မှန်းချက်

Justice For All သည် မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ လူ့အခွင့်အရေးအခြေခံများ တိုးတက်ကောင်းမွန်လာစေရေးအတွက် မိမိတက်ကျွမ်းသော ဥပဒေအသိပညာများကို အသုံးချလျှက် ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေးဆောင်ရွက်ရန်။
မိမိတို့တက်ကျွမ်းသော ဥပဒေပညာရပ်ဖြင့် ပြည်သူများကို ကောင်းမွန်သော ဥပဒေဝန်ဆောင်မှု၊ ဥပဒေထောက်အကူနှင့် ဥပဒေပညာပေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်။

နောက်ခံသမိုင်း

အားလုံးအတွက် တရားမျှတမှုအဖွဲ့ ( Justice for all law firm ) သည် ဥပဒေနှင့်အညီ ပြည်သူပြည်သားမျာအတွက် တရားမျှတမှုကိုဖော်ဆောင်နိုင်ရန် ရည်ရွယ်သည့် ဥပဒေအဖွဲ့ဖြစ်ပါသည်။

အဖွဲ့ကို တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မြှင့်တင်လိုသည့် ရှေ့နေရှေ့ရပ်များဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့တွင်ပါဝင်သော ရှေ့နေများသည် 2012 ခုနှစ် ဒီဇင်ဘာလမှစတင်ကာ နိုင်ငံသားများကို ဥပဒေပညာပေးခြင်း၊ ဥပဒေအထောက်အကူပေးခြင်း၊ ဥပဒေသုတေသနပြုခြင်းနှင့် အခမဲ့ဥပဒေရေးရာအကြံပေးခြင်းတို့ကို အတူတကွညှိနှိုင်းကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့တွင် ဆောင်ရွှက်ခဲ့သည်။

အဖွဲ့ကို ဒါရိုက်တာအဖွဲ့ဝင်( Borad of Directors) ၅ဦးထာရှိပြီး၊ မိတ်ဖက် ( Partners) အဖွဲ့ဝင် (၁၈) ဦးရှိကာ ရုံးအဖွဲ့ကို ဒါရိုက်တာ တစ်ဦးမှ ဦးဆောင်သည်။

ရည်ရွယ်ချက်

အဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်။

  • တရားဥပဒေစိုးမိုရေး ကာကွယ်မြှင့်တင်ရန်။
  • ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေများနှင့်အညီ တရားမျှတမှု၊ သာတူညီမျှမှု၊ ငြိမ်းချမ်းမှုများကို ကာကွယ်မြှင့်တင်ရန်။
  • ဆင်းရဲနွမ်းပါးသော ပြည်သူများကို အခမဲ့ ဥပဒေအကြံပေးရန်နှင့် အမှုလိုက်ပါဆောင်ရွက်ရန်။
  • ပြည်သူများကို ဥပဒေအသိပညာပေးရန်။
  • တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားများ၏အခြေခံ အခွင့်အရေးများကို သုတေသနပြုရန်။။
  • လူတိုင်းတရားဥပဒေနှင့် တရားမျှတမှုကို လက်လှမ်းမှီစေရေးအတွက်နှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်တွင်းပြည်ပမှ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောက်ရွက်ရန်။

Justice For All ( Non-profit law firm) ကို ဖွဲ့စည်းထားပုံ

JFA အဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းသည်။
ဒါရိုက်တာအဖွဲ့ ( Board of directors)
ရုံးအဖွဲ့ ( JFA Office)
မိတ်ဘက်အဖွဲ့ဝင်ရှေ့နေ (18) ဦး (Partners)